အဖြူရောင်လေးဆိုဒ်ကိုလာရောက်ကြည့်ရှုကြတဲ့သူငယ်ချင်းများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေပညာရှင်တစ်ယောက်အနေနဲ့ထောင်ထားသောဆိုဒ်မဟုတ်၍လိုအပ်ချက်များရှိနိုင်ပါသည်ကျးဇူးပြုပြီးလိုအပ်ချက်များအတွက်အထူးတောင်းပန်အပ်ပါသည်

Monday 8 August 2011

လွန်ပါစေဆောင်း

ဆောင်း…။
လေညှင်းနဲ့နှင်းရည်က
ညနဲ့မင်းကိုအလှဆင်
ကဗျာဆန်တဲ့ဆံနွယ်တစ်ပင်နဲ့ …
ပြုံးလိုက်တဲ့အပြုံးတိုင်းအလွမ်းရဲ့အာရုံကို အနမ်းနဲ့ဖျားယောင်း
လွမ်းလို့အကောင်းဆုံးဆောင်းညရဲ့ …
ညိမ့်ညောင်းလှတဲ့လေညှင်းမှာ
ငါ့နှလုံးသားရနံ့တစ်ခုနဲ့မျှောသွားတဲ့ည ..။
အဲဒီညကိုအတိတ်မေ့မသွားဖို့
မျက်ဝန်းတွေအလွတ်မကျက်ရသေးလို့ပါ .. သူ ..။

ဆောင်း…
ငါ့ညတွေတိုင်းမှာ .
မျက်ဝန်းတစ်စုံနဲ့ရနံ့တစ်ခုကို
ခွင့်မတောင်းပဲ အိမ်မက်တိုင်းမှာခိုးယူ
လန့်မနိုးတဲ့ညတွေမှာ ..
အိမ်မက်ကိုမေ့မသွားဖို့ ဆေးခါးတစ်ခွက်နဲ့
အပြုံးတစ်ပွင့် လိုအပ်တယ်..။

ဆောင်း..
မင်းနုတ်ဆက်မသွားတဲ့
”Goodnight” ပါ
ငါ့ကိုယ်ငါ နှင်းငွေ့တွေနဲ့
အပြစ်ပေးထားတယ်….
အမှန်တော့ ဆောင်းနဲ့နှင်းငွေ့
အတိတ်ကောက်မှားခဲ့တဲ့
ဆောင်းအိမ်မက်တွေပါ…….
အိမ်မက်ကငါ့ကိုကုတင်ပေါ်ကတွန်းမချခင် ..
ဆောင်းနဲ့မင်းအရိပ်ကိုပြောင်းပြန်လှန်ပြီး
ပုံရိပ်စစ်ဖြစ်ဖို့
ငါအလွမ်း ခ နေတယ်ဆောင်း…။

ဆောင်း….။
ခရေ ရနံ့တွေသင်းတဲ့
ဆောင်းနံနက်ခင်းတိုင်း
မင်းလာနိုးတဲ့ခေါင်းလောင်းသံရဲ့ အရိပ်က
ငါ့နံနက်ခင်းတိုင်း ..အလွမ်း.အလွမ်း နဲ့
လွမ်းကောင်းဆဲပဲလေ …။

ဆောင်း..။
နောက်တစ်ရက်နဲ့ ..
မနေ့ကသတင်းစာမှာ
ငါအလွမ်းမပါပင်မဲ့
ဆောင်းညတွေနဲ့ စက္ကန့်တိုင်းမှာ
မင်းသံစဉ်နဲ့နိုးထ…
ဆံနွယ်နဲ့မျက်ဝန်းကိုခဏခဏဖုန်းမှားခဲ့တဲ့
ခက်ခွာခွာဆောင်းညတွေပါ ..။

ဆောင်း..။
ဒီညနဲ့ ငါ့အလွမ်းကို
ဘယ်သူမှမသိခင်တိတ်တိတ်ကလေးငို ..
ငါ့အလွမ်းကိုငါပြန်ရှာမလို့ .
ဒီညနှင်းငွေ့နဲ့ငါ လန့်မနိုးခင်
ငါ့အိမ်မက်ကိုလေလံတင်
အလွမ်းသင့်ဆောင်းညသခင်..ငါပြန်ရချင်ပြီ..။
လွန်ပါလေတော့ ဆောင်းရယ်….။

No comments:

Post a Comment

ပျော်ပျော်ပါးပါးလှေလှော်သွားကြမည်