အဖြူရောင်လေးဆိုဒ်ကိုလာရောက်ကြည့်ရှုကြတဲ့သူငယ်ချင်းများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေပညာရှင်တစ်ယောက်အနေနဲ့ထောင်ထားသောဆိုဒ်မဟုတ်၍လိုအပ်ချက်များရှိနိုင်ပါသည်ကျးဇူးပြုပြီးလိုအပ်ချက်များအတွက်အထူးတောင်းပန်အပ်ပါသည်
Tuesday 9 August 2011
Gtalk ကို Skin လှလှလေးနဲ့သုံးရအောင်
မူရင်း gtalk software ကို ပိုလှအောင်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ် ... ၄င်းကို အသုံးပြုဖို့အတွက် ရိုးရိုး gtalk software ကို install လုပ်ထားရပါမယ် ... လုပ်နည်းကတော့
၁။ ပထမဆုံး ဒေါင်းလုပ်ချပါ။
၂။ လက်ရှိ အသုံးပြုသော gtalk chat box အားလုံးကို ပိတ်ပစ်ပါ။
၃။ ဒေါင်းလုပ်ချထားသော google.exe ကို run ပါ။
၎။ ခုဆိုရပါပြီ .. ပုံမှန်အတိုင်းအသုံးပြုနိုင်ပါပြီဗျာ
အစိမ်းရောင် skin လေးကို
  • ဒီမှာဒေါင်းလုပ်ယူပါ...
  • အပြာနုရောင် skin လေးကို ဒီမှာဒေါင်းလုပ်ယူပါ...
  • ဒီမှာဒေါင်းလုပ်ယူပါ...
  • မှတ်ချက်။ ။ အမြဲတမ်း အသုံးပြုချင်ပါက ဒေါင်းလုပ်ချထားသော googletalk.exe အား copy လုပ်၍ “C:\Program Files\Google\Google Talk” ဖိုဒါထဲကို ၀င်လိုက်ပါ … ဖိုဒါထဲရှိ မူလ googletalk.exe အား delete လုပ်ပြီး copy ယူလာသောဖိုင်အား paste လုပ်ခြင်းဖြင့် အသုံးပြုနိုင်ပါတယ်….။
    ဆက်ဖတ်ရန်
    Gmail မဟုတ်ပဲ Invisible လုပ်ကြရအောင်
    Gtalk ထဲမှာ Gmail မသုံးပဲ ပုန်းရအောင် ...
    Gtalk မှာ Invisible ဖြစ်အောင် Gmail က လုပ်တာတော့ လူတိုင်းသိပြီးသားပါနော် ။ ပုန်းနေတဲ့လူ ရှာတာလည်း သိပြီးသား နေမှာပါ။ (အခု ပြောမယ့် နည်းနဲ့ လုပ်ရင် ပုန်းနေမှန်း ရှာလို့ မသိနိုင်ပါ )။ Gmail မပါပဲ Invisible လုပ်ကြရအောင် ..။ အားသာချက်ကတော့ သုံးကြည့်ရင် သိမှာပေါ့ဗျာ .. ။ Gmail ထဲက talk ရတာ ဘယ်လောက်ဒုက္ခ ရောက်လဲ ပုန်းနေကျ လူတွေ သိမှာပေါ့။ ဒီ Software လေးက ကြာပါပြီ ။ ။ အောက် က PSI ဆိုတာလေး Download ချလိုက်ပါဦး ။
    PSI
  • Downlaod
  • အဲဒါလေး Run လိုက်ရင်ပါ။ PSI က Connection လုပ်ဖို့ တစ်ခုခု ပေါ်လာရင် Cancel ပဲ ပေးလိုက်ပါ။ အောက်ပါအတိုင်း PSI အောက်ခြေက icon လေးကို နှိပ်ပြီး Account Setup ကိုဆက်နှိပ်လိုက်ပါ။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Add ကိုနှိပ်ပါတယ်။
    Image Hosting by Picoodle.com
    Name နေရာမှာ Google talk လို့ ဖြည့်လိုက်ပါတယ်။ Add ကိုနှိပ်ပါတယ်။
    Image Hosting by Picoodle.com
    ID နဲ့ Password နေရာမှာ Gmail account တစ်ခု ကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Connection ဆိုတာကို ဆက်နှိပ်ပါ။
    Image Hosting by Picoodle.com
    Manually ဆိုတာကို check ပေးပြီး အောက်ပါအတိုင်း Host မှာ talk.google.com လို့ ရေးလိုက်ပါ။ ပြီးရင် Save ။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်း ဖြည့်လိုက်တဲ့ nick ကို မြင်ရပါပြီ။ Google talk ဆိုတာကို click တစ်ချက်ပေးပြီး အောက်ခြေက Offline ပြနေတာလေးကို နှိပ်ပြီး Online လို့ပေးလိုက်ပါ။ Connection လုပ်နေတာ မြင်ရပါလိမ့်မယ်။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်း ပဲ နစ် sign in ဖြစ်သွားပါပြီ။ (Gtalk ထက်ကို ပိုမြန်ပါတယ်) ပြီးရင်တော့ Google talk ဆိတဲ့ နေရာကို R-Click လုပ်ပြီး XML console ကို နှိပ်ပါ။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Enable ကို check ပေးပြီး XML Input ကို နှိပ်ပါတယ်။
    Image Hosting by Picoodle.com
    ပေါ်လာတဲ့ box မှာ ဒါလေးကူးပြီး ထည့်ပေးလိုက်ပါ။
    {{{
    5
    5
    }}}
    Image Hosting by Picoodle.com
    ဖြည့်ပြီးရင် Transmit ကိုနှိပ်ပေးပါ။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်း စာလုံး အနီတွေနဲ့ ပေါ်ပါတယ်။ ခဏ စောင့်ပေးလိုက်ပါ။
    Image Hosting by Picoodle.com
    အောက်က ပြထားသလို စာလုံး အ၀ါနဲ့ ပြလာပြီ ဆိုရင် Close ကို နှိပ်ပြီး ပိတ်လိုက်ပါ။
    Image Hosting by Picoodle.com
    ပြီးရင်တော့ တစ်ခြား nick တစ်ခုကို Gtalk ဖွင့်ပြီး စမ်းကြည့်ပေါ့ဗျာ ..(ပြောခဲ့ ပြီးပြီနော် invisible စမ်းတဲ့ နည်းနဲ့ လည်း ပုန်းနေမှန်း မသိဘူး လို့ ။ စမ်းဖြစ်အောင် စမ်းလိုက်ဦးနော် .. ) ။ ဆက်ပြီးတော့ မြန်မာ Font ပေါ်အောင် Zawgyi ပြောင်းတာပါ ရေးပေးလိုက်ပါ့မယ်။ PSI ရဲ့ General ဆိုတာကို နှိပ်ပြီး Options ကို click ပါတယ်။
    Image Hosting by Picoodle.com
    အောက်ပါအတိုင်းပေါ်လာတဲ့ box မှာ Appearance ကို နှိပ်ပါ။ Font တွေကို Choose နှိပ်ပြီး Zawgyi one ပြောင်းပေးလိုက်ပါ။
    Image Hosting by Picoodle.com
    မြန်မာ စာလုံးတွေ ပေါ်လာပါလိမ့်မယ်။ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိတာပေါ့ဗျာ ။ Gmail တစ်ခုတည်းတင်မက တစ်ခြားနေရာကလည်း Invisible လုပ်ပြီး chat လို့ရတယ် ဆိုတာ သိသွားရုံလေး ပြောပြတာပါ။ စမ်းသပ် အဆင်ပြေကြပါစေ။
    ဆက်ဖတ်ရန်
    window and Zawgyi
    Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)
    အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
    run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
    မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
    ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
    ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
    နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
    အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)
    Zawgyi keyboard installer Download (x86 and x64-bit windows)
    ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။
    XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။
    Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။
    Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက န ကို အခုအတိုင်း ခြေထောက်ပါတဲ့ အရှည်ရေးမိလိုက်ရင်လည်း -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ- စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။
    Zawgyi font 2009 Download
    ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။ အစကတော့ all about of Zawgyi ဆိုပြီး ဇော်ဂျီနဲ့ other application အားလုံးအတွက်ရေးဖို့ ရည်ရွယ်တာပါ။ ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ၀င်းဒိုးဆိုင်ရာကို တစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ebook ထုတ်မှပဲ အားလုံးကို တစုတစည်းတည်း ပေါင်းပြီး ထည့်ပေးပါ့မယ်။ အဆင်ပြေပါစေ …. all about of zawgyi ကို နောက်ဆက်တွဲ အနေနဲ့ ရေးပါ့မယ်။ … ဟေးဟေး … ဒီလိုပြောပေါင်းများပြီ။ ဒီနေ့ကို ရေးပါ့မယ်။
    ဆက်ဖတ်ရန်
    shut down ပေးပြီ restart ပြန်တတ်တဲ့ပြဿနာ
    ဝင်းဒိုးကို shutdown လုပ်ရင် restart ဖြစ်ဖြစ်သွားတဲ့က အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ (ကျနော်တော့ တစ်ခါမှမဖြစ်ဖူးဘူး ) အဲလိုဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း အများကြီးပဲ။ ဖြေရှင်းပုံတွေကလည်း တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို တော်တော်များပါတယ်။ အဖြစ်အများဆုံး ပြဿနာနှစ်ခုအတွက် ဖြေရှင်းနည်းလေးတွေကို စမ်းကြည့်ကြည့်ပါ။
    Disabling the “restart on system failure� feature
    ဝင်းဒိုးမှာ လုပ်ဆောင်ချက်တစ်ခုပါပါတယ်။ Windows file system တစ်ခုခုပျက်ပြီး auto recovery ပြန်လုပ်ထားတဲ့အခြေအနေမျိုးတွေမှာ ဝင်းဒိုးဟာသူ့စနစ်ကို ပြန်စဖို့သတ်မှတ်ထားတတ်ပါတယ်။ ဒါပေမယ့် ဝင်းဒိုးစ်ကသူ့စနစ်ရဲ့ system failure အခြေအနေကိုစစ်ဆေးတဲ့အခါ ပြဿနာရှိလာပါတယ်။ ကျနော်တို့က ဆော့ဖ်ဝဲလ်အသစ်တစ်ခု သွင်းလိုက်ရင်ပဲဖြစ်ဖြစ်၊ Device Driver တစ်ခုခု upgrade လုပ်ရင်ပဲဖြစ်ဖြစ် ဝင်းဒိုးစ်ရဲ့မူလ စနစ်ဖိုင်တွေမှာ အပြောင်းအလဲဖြစ်သွားတတ်ပါတယ်။ အဲဒီတော့.. ဝင်းဒိုးစ်ကို ပိတ်တဲ့အချိန်မှာ စနစ်ကသူ့ဖိုင်တွေကို စစ်ဆေးတဲ့အခါ အပြောင်းအလဲဖြစ်နေတာကိုတွေ့တော့ system failure အခြေအနေနဲ့တိုက်ဆိုင်ပြီး စနစ်ကို shutdown မလုပ်တော့ပဲ restart လုပ်ပစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကိုပိတ်ထားလို့ရပါတယ်။ ဒီလိုလုပ်ပါ။
    * My Computer ပေါ်မှာ right-click လုပ်ပြီး Properties ကိုရွေးပါ။ Shortcut အနေနဲ့ကတော့... Windows Key + Pause ကိုတွဲနှိပ်ပါ။
    * Advanced Tab ကိုရွေးပါ။
    * အောက်ဘက်နားမှာ Startup and Recovery ဆိုတာကို တွေ့ရပါမယ်။ သူ့အောက်က Settings ကိုကလစ်လုပ်ပါ။
    * ပေါ်လာတဲ့ box ထဲက System Failure အောက်က Automatically restart ဆိုတာရဲ့ဘေးက အမှန်ခြစ်လေးကို ရှင်းပစ်လိုက်ပါ။
    * ပြီးရင် OK ပြောပါ။
    Change APM or ACPI Setting
    APM or ACPI (Advanced Power Management) မှာ ပြဿနာရှိရင်လည်း အဲလိုဖြစ်တတ်တယ်လို့ တစ်ချို့ဂုရုတွေကဆိုပါတယ်။ အဲဒါကိုပြင်ဖို့ကတော့ Bios ကိုဝင်ပြင်ရမှာပါ။ စက်စတက်တက်ချင်းမှာ Delete or F1 ကီးကိုနှိပါ။ Bios Setting တွေဆီ ရောက်သွားပါမယ်။ အဲဒီမှာ Power Management နဲ့ပတ်သက်တဲ့ စာမျက်နှာကိုလိုက်ရှာပါ။ အဲဒီထဲမှာ APM or ACPI ဆိုတာကိုထပ်ရှာပါ။ သူ့ setting မှာ Enable လို့တွေ့ရင် Disable ကိုရွေးပေးပါ။ Disable ဆိုရင်တော့ Enable ပေါ့။ (+ or - ) နဲ့ ရွေးပေးရတတ်ပါတယ်။ တစ်ခုသတိထားရမှာက bios ကိုကိုင်တွယ်တဲ့အခါ ကိုယ်မသိတဲ့ဘာကိုမှ မပြင်မိပါစေနဲ့။ ပြီးရင် Esc key နဲ့ပြန်ထွက်..။ Main Screen ပြန်ရောက်တဲ့အခါ Save your setting and exit ဆိုတာကိုရွေးပြီးထွက်ပါ။ (F10) Bios အမျိုးအစားပေါ်မူတည်ပြီး ပုံစံတွေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။
    တကယ်လို့ ကိုယ့် motherboard ရဲ့ bios မှာ အဲဒီဖန်ရှင်မပါရင် bios ကို ဗားရှင်းမြှင့်ပေးဖို့ လိုအပ်ပါမယ်။ အဲလိုဗားရှင်းမြှင့်လိုက်ရင်လည်း အဲဒီပြဿနာပြေလည်သွားတတ်တယ်လို့ ဆိုပါတယ်။ bios ကိုဗားရှင်းမြှင့်ဖို့ကတော့ နည်းနည်းလက်ဝင်သလို အန္တရာယ်လည်းရှိပါတယ်။ နောက်ပိုင်း motherboard ထုတ်လုပ်သူတွေကတော့ လွယ်လွယ်ကူကူ bios upgrade လုပ်လို့ရအောင် Tools လေးတွေ ပေးကြပါတယ်။ အဲဒီအပိုင်းကတော့.. နောက်မှထပ်ပြောတာပေါ့။ ခုလောလောဆယ်တော့ အပေါ်ကနည်းလေးတွေကိုပဲ စမ်းကြည့်ပါဦး။
    ဆက်ဖတ်ရန်
    ပျော်ပျော်ပါးပါးလှေလှော်သွားကြမည်