အဖြူရောင်လေးဆိုဒ်ကိုလာရောက်ကြည့်ရှုကြတဲ့သူငယ်ချင်းများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေပညာရှင်တစ်ယောက်အနေနဲ့ထောင်ထားသောဆိုဒ်မဟုတ်၍လိုအပ်ချက်များရှိနိုင်ပါသည်ကျးဇူးပြုပြီးလိုအပ်ချက်များအတွက်အထူးတောင်းပန်အပ်ပါသည်

Saturday, 8 October 2011

Movie Edit Pro 15 PLUS

MAGIX Movie Edit Pro 15 Plus ပြီးပြည့်စုံတဲ့ Video တည်းဖြတ်ရေး program ပါ . အတော်လေးကို ကောင်းပါတယ် . video တည်းဖြတ်ရေးအတွက် ရိုးရှင်းတဲ့ အဆင့် ၃ ဆင့်ပဲ ပါပါတယ် . သူ့မှာပါတဲ့ effects များဟာ တစ်ကယ့် special effects များ ဖြစ်ခြင်း၊ နောက်ခံ သီချင်းထားများကို လွယ်ကူစွာ ထားနိုင်ခြင်း၊ ပြီးတော့ တည်းဖြတ်ရေး လုပ်ထားပြီးသား video များကိုလဲ DVD များအဖြစ် Burn နိုင်ခြင်းစတဲ့ တစ်ခြား video edition နှင့်မတူညီတဲ့ အားသာချက်တွေ အများကြီးပါ . ကျွန်တော် တင်ပေးလိုက်ပါပြီ . video edition အတွက် လိုအပ်နေသူများ အတွက်ပါ . ကျွန်တော် တစ်ပိုင်းကို 30 MB နဲ့ 5 ဖိုင် ခွဲထားပေးပါတယ် . Download လုပ်ရတာ အဆင်ပြေအောင်လို့ပါ .

Download multiupload >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5) ၊ Part(6) ၊ Part(7)
Download ifile.it >>> Part(1) ၊ Part(2) ၊ Part(3) ၊ Part(4) ၊ Part(5) ၊ Part(6) ၊ Part(7)
ဆက်ဖတ်ရန်

Corel VideoStudio Pro X3

ဒါကတော့ ဗီဒီယို တည်းဖြတ်ဖို့ အတွက်ဖြစ်ပါတယ် အရင်ကလည်း တင်ထားပေး ပါတယ် Corel VideoStudio Pro X2 ဖြစ်ပါတယ် အခုကတော့ Corel VideoStudio Pro X3 ဖြစ်ပါတယ် လိုချင်ရင်တော့ အောက်မှာ ဒေါင်းယူလိုက် 612 mb ရှိပါတယ်။

Download ifile.it ၊ part01 ၊ part02 ၊ part03 ၊ part04 ၊ part05 ၊ part06 ၊ part07 ၊ part08 ၊ part09 ၊ part10 ၊ part11 ၊ part12 ၊ part13

Download mediafire ၊ part01 ၊ part02 ၊ part03 ၊ part04 ၊ part05 ၊ part06 ၊ part07 ၊ part08 ၊ part09 ၊ part10 ၊ part11 ၊ part12 ၊ part13
ဆက်ဖတ်ရန်

AMV Converter Studio v-1.3.4

chityaaung@gmail.com : အစ်ကိုရေ AMV Converter Studio လေး လုပ်ပေးပါဦး အဆင်မပြေလို့ပါ .

အောက်မှာ တင်ပေးလိုက်ပါတယ် . အထဲမှာ key ပါ တစ်ခါတည်းပါပြီးသားပါ . converter တွေ အများကြီးရှိပေမယ့် တောင်းတဲ့ဟာပဲ . တင်ပေး လိုက်ပါတယ် . ကျန်တာတွေကို တစ်ဖြည်းဖြည်းချင်းစီ တင်ပေးပါ့မယ် . တောင်းထား တာတွေက များနေတော့ တစ်ခုချင်းစီ လိုက်တင်ပေးနေရလို့ပါ. အောက်မှာသာ Download လုပ်လိုက်ပါ .

Download ifile.it
| Mediafire | Zshare
ဆက်ဖတ်ရန်

Thursday, 6 October 2011

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါ။



ခြေထောက်ချိတ်ထိုင်ခြင်း


ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း(Varicose Vein)ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ်တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။


သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း


သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ်ချောင်းလဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။


မကြာခဏ အပြင်ထွက်စားခြင်း


စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ်တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။


မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။


ဒေါက်မြင့်ဖိနပ် စီးခြင်း


သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။


ခေါင်းအုံးထူထူပေါ် အိပ်ခြင်း


လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။


လေ့ကျင့်ခန်း မလုပ်ခြင်း


လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။
Tags: ကျန်းမာရေးအတွက်
Prev: ပျိုမေတို့ အတွက် ငှက်ပျောသီး
Next: ဣဿရမူလီ (ဘီပိုးရောဂါအတွက်အစိမ်းစားပျောက်၏)
ဆက်ဖတ်ရန်

Wednesday, 5 October 2011

အပျင်းပြေပေါ့

ဆက်ဖတ်ရန်

Monday, 3 October 2011

မလေးရှားနိုင်ငံ (KL နှင့် ပီနန်) မြို့ များတွင် နာရေးကူညီမှုအသင်း(KL)၏ ပထမအကြိမ် စာပေဟောပြောပွဲ ကျင်းပမည်။


နာရေးကူညီမှုအသင်း (KL) မှကြီးမှူးကျင်းပသော 2011 ခုနှစ်အတွက် ပထမအကြီမ်မြောက် အဖြစ် မြန်မာစာပေဟောပြောပွဲကို မလေးရှားနိုင်ငံအတွင်း KL ၊နှင့် ပီနန် စသည့်နေရာများတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်းသိရပါသည်.။


ပထမအကြိမ်မြောက် နာရေးကူညိမှုအဆင်း (KL)၏မြန်မာစာပေဟောပြောပွဲအတွက် မြန်မာနိုင်ငံမှအောက်ပါစာရေးဆရာများကို ဖတ်ကြားထားပါသည်.။(1) ဆရာနွမ်ဂျာသိုင်းမှ “ စာရေးသူမှ စာဖတ်သူသို့ ” ဆိုသညိ့ခေါင်းစဉ်ဖြင့်စတင်ဟောပြောမည်ဖြစ်ပြီးနောက်. ဒုတိယအနေဖြင့် မြန်မာနိုင်ငံ၏ ဟာသဆရာဆရာ ဆရာအကြည်တော်မှ “ လမင်းဖမ်းပွဲ ” ခေါင်းစဉ်ဖြင့်ဟောပြောမည်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် စာရေးဆရာမ သန်းမြင့်အောင်မှ “ လူမှုဘ၀ ပရဟိတ နယ်ပယ် ” ဆိုတဲ့ စာပေခေါင်းစဉ်ဖြသ့် ဟောပြောသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်.။

စာပေဟောပြောပွဲ အစီအစဉ်များမှာ အောင်ပါ အချက်အလက်အစီအစဉ်များအတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်.။

(K L တွင်)

နေ့ ရက် - 11.12.2011(တနင်္ဂနွေနေ့ ) ။
အချိန် - နေ့ လည် 12 နာရီမှ ညနေ 5 နာရီအထိ ။
နေရာ - SM ကုန်တိုက် (6)လွှာ (ကိုတာယာဘေးအဆောက်အဦး) ။

(ပီနန်မြို့ တွင်)

နေ့ ရက် - 18.12.2011 (တနင်္ဂနွေနေ့ ) ။
အချိန် - နေ့ လည်12 နာရီမှ ညနေ 5 နာရီအထိ ။
နေရာ - ဓမ္မိကာရာမ မြန်မာ ဘုန်းတော်ကြီးကျောင်း ။

မြန်မာစာပေ ဟောပြောပွဲအစီအစဉ်များ နှင့် ပတ်စသတ်ရ်ျ ဆတ်သွယ်စုံစမ်းလိုပါက အောက်ပါ တယ်လီဖုန်းနံပါတ်များသို့ ဆတ်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည် ။

စာပေဟောပြောပွဲ (KL) အတွက်စုံစမ်းရန် တယ်လီဖုန်းနံပါတ်များ

ဦးမျိုးပိုင်
ဖုန်း - 016, 2727 044

ကိုသက်
ဖုန်း - 017, 2838 470

ကိုဆန်းမင်းဦး
ဖုန်း - 016, 3687 939

ကိုစိုးမိုးအောင်
ဖုန်း - 010, 8343 475

ကိုအော်စကာ
ဖုန်း - 016, 6738 398

ကိုစိုးဝင်း
ဖုန်း - 016, 6938 766

သတင်းကွန်ယက်
ဖုန်း - 016, 6598 531

စာပေဟောပြောပွဲ (ပီနန်) အတွက်စုံစမ်းရန် တယ်လီဖုန်းနံပါတ်များ

ကိုထွန်းရီ
ဖုန်း - 016, 4640 784
(အမေ့ရင်သွေး တေးဂီတ)

ဦးပေါ်ဦး
ဖုန်း - 012, 5152 439
(အောင်သပြေ စားသောက်ဆိုင်)

ကိုဇော်နိုင်
ဖုန်း - 012, 5195 283
(အောင်သပြေ စားသောက်ဆိုင်)

ကိုနန္ဒ
ဖုန်း - 017, 4667 281

ကိုဆန်း
ဖုန်း - 012, 4450 099
(အမေ့ရင်သွေး တေးဂီတ)

ကိုရဲ
ဖုန်း - 012, 5173 457
(မိုးသောက်စနေ စတိုးနှင့် စားသောက်ဆိုင်)

ကိုဆန်းလွင်
(အောင်သရဖူ စားသောက်ဆိုင်)


အထက်ပါ လိပ်စာများတွင်စာပေဟောပြောပွဲနှင့် ပတ်သတ်နှင့် အစီအစဉ်များကိုအသေးစိတ်ဆတ်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်..။
ဆက်ဖတ်ရန်

Saturday, 1 October 2011

သုံးရာသီအလွမ်း



နွေဦးရောက်ပြီမို့
သစ်ခြောက်ရွက်ကြွေ
ကြွေသည့်ရွက်အား
ဘယ်သူသနားဂရုနာထားအံ့...။
ညိုမှိုင်းတိမ်ဖုံး
မှောင်သောည၀ယ်
လမင်းကဋေအား
ဘယ်သူသနားဂရုနာထားအံ့...။
ိပင်မြင့်ထက်ဝယ်
ပွင့်သည်တစု
ဟုတ်သည်မှန်သောဝ်
သဇင်ကြွေခိုက်
ဘယ်သူသနားဂရုနာထားအံ့...။
ိုလောကကြီးဝယ်
တွေ့ဆုံကြုံခွဲ
သိသည်မှန်သောဝ်
ငါ၏မျက်ရည်
ဘယ်သူသနားဂရုနာထားအံ့...။
ဆက်ဖတ်ရန်

ပျော်ပျော်ပါးပါးလှေလှော်သွားကြမည်