နှင်း..............
ဆက်ဖတ်ရန်
ခွဲခွါချင်းနှလုံးသားနဲ့
အမုန်းတရားလမ်းပေါ်မှာ
ကြေကွဲခြင်းတွေထုပ်ပိုးလို့
မျက်ရည်မိုးတွေရွာရင်း
တို့ဘ၀တွေဟာ...
ပြန်ဆုံခြင်းမရှိတဲ့
မျဉ်းဖြောင့်တွေလို
ခွဲခွါခြင်းဆီဦးတည်လို့
ခရီးနှင်ခဲ့ပြီးပေါ့
နှင်းရယ်............
အခြေမခိုင်တဲ့....
သံလမ်းပေါ်မှာ
ယိုင်နဲ့နဲ့ရထားအိုကို
ဖြတ်ကျော်ခုတ်မောင်းရင်း
နွေကဗျာကန္တာရအလယ်မှာ
အလွမ်းဒဏ်ရာဗလဗွနဲ့
သောကတွေအပူငြိမ်းစေဖို့
လေလွင့်ခရီးသည်
ကိုယ်တစ်ယောက်ထဲ
ဆက်ရှောက်လို့ သွားပြီးပေါ့။